• Picsart_25-02-27_00-30-39-471
1

OK Pill အိုကေလ် ကိုယ်ဝန်တားဆေး

Regular price
RM 8.00
Sale price
RM 8.00
Regular price
RM 0.00
Worldwide shipping | U Mart
Worldwide shipping
Secure payments | U Mart
Secure payments
Authentic products | U Mart
Authentic products
Money back guarantee | U Mart
Money back guarantee
Free Shipping | U Mart
Free Shipping
OK Pill အိုကေလ် ကိုယ်ဝန်တားဆေး Ratings: 0 - 0 votes
OK Pills သောက်ဆေးဆိုတာဘာလဲ ?

OK Pills သောက်ဆေးဟာ စိတ်ချရပြီး ခေတ်မီတဲ့ သားဆက်ခြားသောက်ဆေးဖြစ်တယ်

OK Pills သောက်ဆေးကို ဘယ်လိုသောက်ရမလဲ ?

တစ်နေ့လျှင်ဆေးတစ်လုံးနေ့စဉ်မှန်မှန်သောက်ပါ ။

၁ ။ ရာသီ/မီးယပ် လာတဲ့နေ့မှ ၅ ရက်အတွင်းပထမဦးဆုံး OK Pills အဖြူရောင်ဆေးလုံးကို ➡️ မှ စသောက်ပါ ။

၂ ။ နေ့စဉ်တစ်လုံးစီ မြှားအတိုင်းဆက်သောက်ပါ ။ အဖြူရောင်ဆေးလုံးကုန်ပြီး အညိုရောင်ဆေးလုံးကုန်တဲ့အထိဆက်သောက်ပါ ။

၃ ။ တစ်ကဒ်ကုန်တာနဲ့ နောက်ကဒ်အသစ်ကို နောက်နေ့ချက်ချင်းသောက်ပါ ။

အထူးသတိပြုရန်

OK Pills သောက်ဆေးကို ဖိုမဆက်ဆံသည်ဖြစ်စေမဆက်ဆံသည်ဖြစ်စေ နေ့စဉ်အချိန်မှန်သောက်ရပါမယ်

နောင်မှာ ကလေးလိုချင်ရင်ရနိုင်လား ?

ရနိုင်ပါတယ် ။ ကလေးလိုချင်ရင် Ok Pills သောက်ဆေးသောက်တာကိုရပ်လိုက်ပါ ။ ရက်အနည်းငယ်ကြာရင် ကိုယ်ဝန်ရနိုင်ပါတယ် ။

OK Pills သောက်ဆေးကို စိတ်ချစွာ သုံးနိုင်ပါသလား ?

Ok Pills သောက်ဆေးကို စိတ်ချစွာ သုံးနိုင်ပါတယ် ။ ကမ္ဘာပေါ်မြှ သန်းပေါင်းများစွာ သော အမျိုးသမီးများလည်းအလားတူ ဆေးကို အန္တရာယ်ကင်းစွာသုံးနေကြပါတယ် ။

OK Pills သောက်ဆေးရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ ?

OK Pills သောက်ဆေးက

-မလိုချင်တဲ့ ကိုယ်ဝန်ကို တားပေးပါတယ်
-ကလေးပြန်လိုချင်တဲ့အချိန်မှာ ရနိုင်ပါတယ်
-သံဓါတ်အားဆေးပါဝင်ပါတယ်
-ရာသီ/မီးယပ်ပုံမှန်လာစေပြီးနာကျင်မှုလျော့နည်းစေတဲ့အပြင်သွေးအနည်းငယ်သာ ဆင်းစေပါတယ်
-အချို့သောကင်ဆာများကိုကာကွယ်ပေးပါတယ်

OK Pills သောက်ဆေးကြောင့် မလိုလားအပ်တဲ့အခြားခံစားမှုများရနိုင်ပါသလား ?

အချို့သော အမျိုးသမီးတွေမှာ ပျို့ခြင်း ၊ အန်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ စိတ်မကြည်လင်ခြင်း ၊ ကိုယ်အလေးချိန်ပြောင်းလဲခြင်း ၊ ရင်သာနာကျင်ခြင်း ၊သွေးအနည်းငယ်ဆင်းခြင်းတို့ဖြစ်စေနိုင်ပါတယ ်။

အဲဒီမလိုလားအပ်တဲ့အခြားခံစားမှုများဟာ အန္တရာယ်မဖြစ်နိုင်ပါဘူး ။ နှစ်လ ၊ သုံးလကြာရင် အလိုအလျောက်လျော့နည်းပျောက်ကင်းသွားမှာပါ ။

သားဆက်ခြားနည်းလမ်းများအကြောင်းပိုသိချင်ရင်

OK Pills သောက်ဆေးနဲ့တခြားသားဆက်ခြားနည်းလမ်းများအကြောင်းပိုသိချင်ရင်ဆရာဝန် ( သို့မဟုတ် ) ကျန်းမာရေးဝန်ထမ်းများနဲ့ဆွေးနွေးပါ ။

OK Pill သောက်ဆေးသောက်ဖို့မေ့ရင်ဘယ်လိုလုပ်မလဲ

တစ်ရက် ဆေးသောက်ဖို့မေ့ရင် သတိရရခြင်း OK Pills သောက်ဆေးတစ်လုံးသောက်ပါ ။ ကျန်ဆေးလုံးများကို ပုံမှန်သောက်ပါ ။

နှစ်ရက် ( သို့မဟုတ် ) နှစ်ရက်ထက်ပိုပြီးဆေးသောက်ဖို့ မေ့ရင် နီးစပ်ရာ " နေ " အရည်အသွေးပြည့်ကျန်းမာရေးဆေးကုခန်းက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ ။


OK Pills သောက်ဆေးကို နေ့စဉ်သောက်ဖို့မမေ့ပါနဲ့ ။

Reviews

Be the first to review