• Picsart_25-03-05_17-00-11-499
  • သိုးဆောင်း-1-600x952
  • သိုးဆောင်း-2-600x917
1

သိုးဆောင်း

Thoe Saung Book သိုးဆောင်း ကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်၏

Regular price
RM 21.90
Sale price
RM 21.90
Regular price
RM 0.00
Worldwide shipping | U Mart
Worldwide shipping
Secure payments | U Mart
Secure payments
Authentic products | U Mart
Authentic products
Money back guarantee | U Mart
Money back guarantee
Free Shipping | U Mart
Free Shipping
Thoe Saung Book သိုးဆောင်း ကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်၏ Ratings: 0 - 0 votes

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွယ်…၊ ဖြစ်လေရာဘဝမှာ

ငါ့ဘေး မှာ မင်းရှိရင်ရှိ…၊ မရှိရင်တော့ မင်းဘေးမှာ ငါရှိပါရစေ။

ပူတစ်လှည့် အေးတစ်လှည့် ရင်ခွင်နဲ့ပဲ

မြေမှာ ဒူးထောက်လို့

စာတချို့ ထပ်ရေးလိုက်တယ်။

ပိုဝေးလေ ပိုသေးလေဆိုတဲ့

သီအိုရီတစ်ခု ရှိတယ်တဲ့ ။

ဒါပေမယ့် ကြယ်လေးရယ်

ငါကတော့ နင့်ကို ပိုဝေးလေ ပိုချစ်လေပါ။


အချစ်ဆိုတာ ပျော်ရွှင်ကြည်နူးခြင်းထက်

တစ်ခါတစ်ရံမှာ ကြွေလွင့်ခံစားခြင်းက ပိုအဓိပ္ပါယ်ရှိတယ်လို့ သူထင်တယ်။

ဒီတစ်သက်လည်း ထိပ်ထားသိအောင် မကြိုးစားတော့ဘူးလို့ သူ ဆုံးဖြတ်ထားတယ်။


အဓိကကတော့

အပြင်ကို ဖွင့်ထုတ်လိုက်ရင်

ရင်ထဲက သူမကို ချစ်တဲ့ အချစ်တွေ

လျော့နည်းသွားမှာ စိုးလို့ပါ။

ဒီအတိုင်းလေးပဲ ရင်မှာသော့ခတ် ၊

ချစ်တတ်တဲ့စိတ်တွေ အပြည့်အသိပ်

သိုလှောင်ထားတော့မယ်။

ကမ္ဘာတွေ အလီလီပြောင်းလို့ သူ့အရိုးစုကို

နှောင်းလူတွေ ပြန်ဖော်တွေ့ခဲ့ရင် လေ့လာမှုတခုအဖြစ်

ခတ်ထားတဲ့သော့ကို ဖွင့်ကြည့်မိကြမှာပါ ။

ဒီအခါမှာ” ထိပ်ထားရေ…” လို့ အမည်တပ်ထားတဲ့ အချစ်အကြောင်း

သီဖွဲ့မှုတွေကို သူတို့တွေ ပြန်ခံစားရလိမ့်မယ် ။

ထိုခံစားမှုတွေနဲ့ပဲ လျော့ပါးလွင့်ပြယ်နေတဲ့

သူတို့ရဲ့ နှလုံးသားကို ပြန်အရောင်တင်နိုင်လိမ့်မယ်။

အထိအတွေ့ကို ဦးစားပေးတဲ့

အပေါစားအချစ်တွေကို ဘေးဖယ်ပြီး

သိမ်မွေ့နက်ရှိုင်းတဲ့ မေတ္တာစစ်ကို

ပြန်ရှာတွေ့ကြလိမ့်မယ် ။

ပြီးတော့ ” တကောင်း ” ဆိုတဲ့ နာမည်ကို တဖွဖွခေါ်ပြီး

သူတို့နှလုံးသားကို

အသစ်ပြန်တည်ဆောက်ကြလိမ့်မယ်။


အနုပညာကို ဦးစားပေး ရေးဖွဲ့ထားသော ဝတ္ထုတစ်ပုဒ် ဖြစ်ပါသည်။ ရေးသားခဲ့သော အရင်လက်ရာများ နှင့်တော့ ကွဲလွဲကောင်း ကွဲလွဲ နေပါလိမ့်မည်။


စာမျက်နှာ

252


စာအုပ်အရွယ်အစား

5.3 x 0.4 x 8.1 inches


ပုံနှိပ်မှတ်တမ်း

အောင်မြင်စာပေ၊ 2023 မေလ (ဒုတိယအကြိမ်)

Reviews

Be the first to review