ယူမတ်၏ အွန်လိုင်းဝက်ဘ်ဆိုက်ဖြစ်သော www.umartshop.com ကို EASY STORE ECOMMERCE PTE. LTD ကတာဝန်ယူလည်ပတ်လျက်ရှိပါသည်။ ဝက်ဘ်ဆိုက်သုံးပြီး ဈေးဝယ်သောအခါ အောက်ပါ သတ်မှတ်ချက်နှင့် စည်းကမ်းများကို သိရှိထားရန်လိုအပ်ပါသည်။
ဝက်ဘ်ဆိုက်ကို အသုံးပြုခြင်းနှင့် စပ်လျဉ်းသော သတ်မှတ်ချက်နှင့် စည်းကမ်းများ
ယူမတ်ဝဘ်ဆိုက်ကို မှတ်ပုံတင်ပြီး အသုံးပြုခြင်းအားဖြင့် လူကြီးမင်းသည် အောက်ပါ သတ်မှတ်ချက်နှင့် စည်းကမ်းများကို လိုက်နာရန်သဘောတူပြီးဖြစ်ပါသည်။
၁။ အကောင့် ဖွင့်လှစ်ခြင်း
၁(၁) ဝက်ဘ်ဆိုက်မှ ပစ္စည်းများကို အော်ဒါတင်ရန် လူကြီးမင်းသည် အကောင့်တစ်ခုကို ပြုလုပ်ထားပြီး မှတ်ပုံတင် ဝင်ရောက်ရပါမည်။ မှတ်ပုံတင်ဖြည့်စွက်ထားသည့် လူကြီးမင်း၏ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိရန်လည်း တာဝန်ယူရန် လိုအပ်ပါသည်။
၁(၂) ဝက်ဘ်ဆိုက်ကို မှတ်ပုံတင် ဝင်ရောက်သည့်အခါ လူကြီးမင်းကို စကားဝှက်တစ်ခုပြုလုပ်ရန် တောင်းဆိုပါလိမ့်မည်။ လူကြီးမင်း၏ စကားဝှက်ကို လျှို့ဝှက် သတ်မှတ်ထားရန် တာဝန်ရှိပါသည်။ လူကြီးမင်း၏ စကားဝှက်သုံးပြီး ပြုလုပ်ထားသော လုပ်ဆောင်ချက်များ၊ ကုန်အမှာများအတွက် လူကြီးမင်း တစ်ယောက်တည်းတွင်သာ တာဝန်ရှိသောကြောင့် ဖြစ်ပါသည်။ လူကြီးမင်း၏ စကားဝှက်ကို တခြားသူတစ်ယောက်က သိရှိနေသည် သို့မဟုတ် တစုံတယောက်က လူကြီးမင်း၏ ခွင့်ပြုချက်မရှိဘဲ စကားဝှက်ကို အသုံးပြုနေသည်ဟု လူကြီးမင်းအနေဖြင့် ယုံကြည်ပါက ကျွန်ုပ်တို့ကို လူကြီးမင်းက ချက်ချင်း အကြောင်းကြားထားစေချင်ပါသည်။
၁(၃) ဝက်ဘ်ဆိုက်ကို မှတ်ပုံတင် ဝင်ရောက်ခြင်းအားဖြင့် U Mart မှ သတင်းများ၊ အရောင်းမြှင့်တင်ရေး စာစောင်များကို လက်ခံရယူရန် လူကြီးမင်းက သဘောတူပြီးသားဖြစ်ပါသည်။ ဝက်ဘ်ဆိုက်ရှိ “My Account” ဟူသော နေရာတွင် စာရင်းပယ်ဖျက်ခြင်းအားဖြင့်သော်လည်းကောင်း၊ “Coustomer Services” ဟူသော နေရာရှိ အချက်အလက်များမှတဆင့် သုံးစွဲသူဝန်ဆောင်မှုဌာနနှင့် တိုက်ရိုက် ဆက်သွယ်၍ သော်လည်းကောင်း အဆိုပါ သဘောတူညီချက်ကို မည်သည့်အချိန်တွင်မဆို ပယ်ဖျက်နိုင်ပါသည်။
၂။ ဝက်ဘ်ဆိုက်တွင် ရရှိနိုင်သည်များ
၂(၁) U Mart သည် အကောင်းဆုံးဝန်ဆောင်မှုများကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ထားသော်လည်း လူကြီးမင်း၏လိုအပ်ချက်တိုင်းနှင့် ကိုက်ညီမှုရှိမည်ဟု အာမခံခြင်းမရှိပါ။ အလားတူ အပြစ်အနာကင်းသော ဝန်ဆောင်မှုပေးနိုင်မည်ဟုလည်း အခိုင်အမာပြောဆိုခြင်း မရှိပါ။ သို့ဖြစ်ပါ၍ ဝန်ဆောင်မှုတွင် တစုံတရာလွဲချော်ခဲ့ပါက သုံးစွဲသူဝန်ဆောင်မှုဌာန (Customer Service Team) နှင့် ဆက်သွယ်နိုင်ပြီး ကျွန်ုပ်တို့ကလည်း ပြင်ဆင်ရန် ကြိုးပမ်းသွားပါမည်။
၂(၂) ဝက်ဘ်ဆိုက်ကို ပြုပြင်ထိန်းသိမ်းနေစဉ်နှင့် ဝန်ဆောင်မှုအသစ်များကို မိတ်ဆက်စဉ်တွင် လူကြီးမင်းသည် ရံဖန်ရံခါ ဝက်ဘ်ဆိုက်ကို ဝင်၍မရနိုင်ခြင်း ဖြစ်နိုင်ပါသည်။
၃။ ဉာဏပစ္စည်းများ
၃(၁) ဝက်ဘ်ဆိုက်တွင် ပါဝင်သော အကြောင်းအရာများသည် U Mart ၏ မူပိုင်ပစ္စည်းဖြစ်ပြီး U Mart ၏ ခွင့်ပြုချက်မရှိဘဲ မည်သည့်အကျိုးစီးပွားအတွက်မဆို မိတ္တူကူးယူခြင်း၊ ပြန်လည်ထုတ်ဝေခြင်း သို့မဟုတ် အသုံးပြုခြင်း မရှိရပါ။
၃(၂) U Mart ၏ ခွင့်ပြုချက်မရှိဘဲ ယူမတ် ကုန်အမှတ်တံဆိပ်နှင့် တခြားသော ကုန်အမှတ်တံဆိပ်များကို အသုံးပြုခြင်း မရှိရပါ။
၄။ လူကြီးမင်း၏ အကောင့်အား ဆိုင်းငံ့နိုင်ခွင့်နှင့် ဖျက်သိမ်းပိုင်ခွင့်
၄(၁) ကျွန်ုပ် တို့ ယူမတ် သည် အောက်ပါ အခြေအနေများတွင် လူကြီးမင်း၏ အကောင့်ကို ဆိုင်းငံ့နိုင်ခွင့် သို့မဟုတ် ဖျက်သိမ်းပိုင်ခွင့် ရှိပါသည်။
၄(၁)(၁) လူကြီးမင်းသည် ဖော်ပြပါ သတ်မှတ်ချက်နှင့် စည်းကမ်းများကို ဖောက်ဖျက်ခြင်း၊
၄(၁)(၂) ဝက်ဘ်ဆိုက်ကို မမှန်ကန်သောရည်ရွယ်ချက်ဖြင့် အသုံးပြုနေသည်ဟု ယုံကြည်ရန်အကြောင်းရှိခြင်း၊
၄(၁)(၃) ဝက်ဘ်ဆိုက်ကို အသုံးပြုစဉ်တွင် ဥပဒေ၊ စည်းမျဉ်းများကို ချိုးဖောက်ခြင်း။
၅။ ပြင်ပအဖွဲ့အစည်းများနှင့် စပ်လျဉ်းသော အကြောင်းအရာ
၅(၁) ဝက်ဘ်ဆိုက်တွင် ပြင်ပအဖွဲ့အစည်းများ၏ ကြော်ငြာများ၊ အခမဲ့အသုံးပြုခွင့်ပေးခြင်းများ၊ သုံးစွဲသူများ၏ မှတ်ချက်များ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပတ်သက်သော လင့်ခ်များ ပါရှိနိုင်ပါသည်။ အဆိုပါ ပြင်ပအဖွဲ့အစည်းနှင့် စပ်လျဉ်းသော အကြောင်းအရာများသည် ဥပဒေ၊ စည်းမျဉ်းများနှင့် ကိုက်ညီသည်ဟု ကျွန်နိုပ်တို့က အာမခံခြင်းမရှိပါ။ ပြင်ပအဖွဲ့အစည်းများ၏ အကြောင်းအရာများတွင် အမှားအယွင်းများ ပါရှိပါကလည် ကျွန်ုပ်တို့ တွင် တာဝန်မရှိပါ။
၂။ ကုန်ပစ္စည်းများ ရရှိနိုင်မှု
၂(၁) မည်သည့်အခြေအနေတွင်မဆို လူကြီးမင်းမှာယူထားသော ကုန်ပစ္စည်းများကို ပို့ဆောင်ပေးနိုင်ရန် ကြိုးစားပါမည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် မှာယူသော ပစ္စည်းများကို မရောင်းချပေးနိုင်ပါက ထိုသို့ မရောင်းချပေးနိုင်ကြောင်းကို လူကြီးမင်းထံ အကြောင်းကြားပေးပါမည်။ စုစုပေါင်းကုန်ပစ္စည်းတန်ဖိုးကျသင့်ငွေမှ အဆိုပါ မရောင်းချပေးနိုင်သော ပစ္စည်းတန်ဖိုးကို နုတ်ဖယ်ထားပါမည်။ ပစ္စည်းများ မှာယူသမျှ မရရှိနိုင်ခြင်းအတွက် မည်သည့် အခြေအနေတွင် မဆို ကျွန်ုပ်တို့တွင် တာဝန်တစုံတရာ ရှိမည် မဟုတ်ပါ။
၃။ ပို့ဆောင်ခြင်းနှင့် ငွေပေးချေခြင်း
၃(၁) လူကြီးမင်း အပြီးသတ် ဖြည့်စွက်ထားသော ပစ္စည်းအမှာစာတွင် ပါရှိသည့် လိပ်စာထံ မှာယူထားသည့် ပစ္စည်းများကို ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
၃(၂) လူကြီးမင်း ပစ္စည်းမှာယူသောအခါ ပို့ဆောင်ချိန်ကို သဘောတူသတ်မှတ်ရပါမည်။
၃(၃) ပို့ဆောင်ရမည့်လိပ်စာ၏ အဓိကဝင်ပေါက်အထိ လူကြီးမင်း၏ အမှာကို ပို့ဆောင်ပေးပါမည်။
၃(၄) ပစ္စည်းများကိုလဲမှယူပြီး West Malaysia ဆိုရင်တော့ ၂ရက် ၃ရက်အတွင်း စာတိုက်မှ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ East Malaysia ဆိုရင်တော့ 5ရက် 1ပက်အတွင်း ပို့ဆောင်ပေးပါမည်။
၃(၅) ပေးပို့ပေးသောပစ္စည်းများကို အသက် "၁၈" နှစ်နှင့် အထက် အရွယ်ရောက်ပြီးသူတစ်ဦးဦးက လက်မှတ်ထိုးပြီး လက်ခံယူရပါမည်။ ထိုကဲ့သို့သော အရွယ်ရောက်ပြီးသူတစ်ဦးက လက်ခံယူထားမပေးနိုင်သောအခါ သို့မဟုတ် လူကြီးမင်းက မပြည့်စုံသော လိပ်စာအမှားကို ထည့်သွင်း မှာယူမိသောအခါ ပစ္စည်းများကို နောက်တစ်ကြိမ် ပို့ဆောင်ပေးရမည်ဖြစ်ပါသည်။ ပို့ဆောင်ခကိုလည်း ထပ်မံကောက်သွားပါမည်။
၃(၆) လူကြီးမင်းသဘောတူထားသော ပို့ဆောင်ချိန်တွင် ပစ္စည်းများကို ရောက်ရှိအောင် ပို့ဆောင်ရန် ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကြိုးပမ်းမည်ဖြစ်ပါသည်။ သို့ရာတွင် ယာဉ်ကြောပိတ်ဆို့မှုကဲ့သို့သော ကျွန်ုပ်တို့ ထိန်းချုပ်နိုင်ခြင်းမရှိသည့် အကြောင်းရင်း တစ်ခုခုကြောင့် ပစ္စည်းများ သတ်မှတ်ချိန်အတွင်း မရောက်ရှိပါက ကျွန်ုပ်တို့တွင် ပေးလျော်ရန်တာဝန် မရှိပါ။
၃(၇) ပစ္စည်းများရောက်ရှိလာချိန်တွင် ကျွန်ုပ်တို့၏ ပေးပို့သူကို ပစ္စည်းတန်ဖိုးများအား မလေးငွေဖြင့်သာ ပေးချေပေးစေလိုပါသည်။တခြားသောငွေပေးချေစနစ်များကို အသုံးပြုပေးချေနိုင်မည်မဟုတ်ပါ။
၄။ ပစ္စည်းအကြောင်း
၅(၁) ဝက်ဘ်ဆိုက်တွင် ပစ္စည်းနှင့်ပတ်သက်သောအကြောင်းအရာများကို မှန်ကန်စွာ ဖော်ပြနိုင်ရန် ကျွန်ုပ်တို့ ကြိုးပမ်းလျက်ရှိပါသည်။ သို့ရာတွင် အမှန်တကယ် ပစ္စည်းထုပ်ပိုးမှုနှင့် ပါဝင်ပစ္စည်းများသည် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်များနှင့် ကွဲလွဲမှုများ ရှိနိုင်ပါသည်။ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ပစ္စည်း၏ အကြောင်းအရာများသည် အချက်အလက်မျှသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပစ္စည်းကို အသုံးမပြုမီတွင် ဝက်ဘ်ဆိုက်ရှိ အချက်အလက် တစ်ခုတည်းကိုသာ မကြည့်ဘဲ ပစ္စည်းတွင် တစ်ပါတည်း ဖော်ပြထားသော အသုံးပြုပုံ၊ သတိပေးချက်များနှင့် တံဆိပ်များကို သေချာစွာ စစ်ဆေးကြည့်ရှုစေလိုပါသည်။
၅။ ကိုယ်ရေးအချက်အလက်လုံခြုံမှု
၅(၁) လူကြီးမင်း၏ အချက်အလက်များကို စုစည်းခြင်း၊ အသုံးပြုခြင်းနှင့် ဖွင့်ဟခြင်းအတွက်ယူမတ်အွန်လိုင်း၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာပေါ်လစီက အသေးစိတ်ဖော်ပြထားပါသည်။ ယင်းအချက်သည် သတ်မှတ်ချက်နှင့် စည်းကမ်းများတွင်လည်း အကျုံးဝင်မည်ဖြစ်ပါသည်။
၅(၂) ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် ကိုဝင်ရောက်အသုံးပြုခြင်းအားဖြင့် ကိုယ်ရေးအချက်အလက်ဆိုင်ရာ သတ်မှတ်ချက်နှင့် စည်းကမ်းများကို သဘောတူခြင်း၊ ဖော်ပြထားသော လူကြီးမင်း၏ အချက်အလက်များကို စုစည်းခြင်း၊ သိမ်းဆည်းခြင်းနှင့် အသုံးပြုခြင်းကို ခွင့်ပြုခြင်းနှင့် တူညီမည်ဖြစ်သောကြောင့် လူကြီးမင်းသည် ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာပေါ်လစီကို နားလည်ရန်၊ သေချာစွာ ဖတ်ရှုထားရန် လိုအပ်ပါသည်။
၅(၃) လူကြီးမင်း၏ အချက်အလက်များကို စုစည်းခြင်း၊ အသုံးပြုခြင်းစသည်တို့နှင့် ဆက်နွှယ်သော ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာပေါ်လစီပါ သတ်မှတ်ချက်နှင့် စည်းကမ်းများကို သဘောမတူပါက ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် ကို ဝင်ရောက်အသုံးပြုခြင်း မပြုစေလိုပါ။
၆။ ကူပွန်များနှင့် လျှော့ဈေးကုဒ်များ
ဝက်ဘ်ဆိုက် မှ ဝယ်ယူမှုများအတွက် သင့်တင့်သောတန်ဖိုးရှိသည့် ကူပွန်များ၊ လျှော့ဈေးကုဒ်များကို ကုမ္ပဏီ၏ သဘောတူညီချက်ဖြင့် လူကြီးမင်းအတွက် အချိန်နှင့်အမျှ ကမ်းလှမ်းခြင်းရှိပါသည်။ ကူပွန်များ၊ လျှော့ဈေးကုဒ်များတွင် အထူးပြုဖော်ပြထားခြင်း မရှိပါက ယင်းတို့အတွက် အောက်ပါ သတ်မှတ်ချက်များကို သတိပြုစေလိုပါသည်။
အထွေထွေစည်းကမ်းချက်များ
၁။ ပြင်ဆင်ခြင်း
ကျွန်ုပ်တို့သည် ဖော်ပြပါ သတ်မှတ်ချက်နှင့် စည်းကမ်းများကို အချိန်မရွေး ပြင်ဆင်ခွင့်ရှိပါသည်။ လူကြီးမင်းက ဝက်ဘ်ဆိုက်ကို အသုံးပြုစဉ် သို့မဟုတ် မှာယူစဉ်တွင် ဖော်ပြပါ သတ်မှတ်ချက်နှင့် စည်းကမ်းများကို လိုက်နာရမည် ဖြစ်ပါသည်။ အကယ်၍ သတ်မှတ်ချက်နှင့် စည်းကမ်းချက်များအနက် တစ်ချက်ချက်ကို ပြင်ဆင်နေစဉ်ဖြစ်ပါက အဆိုပါ အခြေအနေကို သီးခြားမှတ်ယူ၍ ကျန်သော စည်းကမ်းချက်များ၏ အကျိုးသက်ရောက်မှုအပေါ် ထိခိုက်ခြင်းမရှိစေရ။
၂။ သက်ဆိုင်သည့် ဥပဒေ
အဆိုပါ သတ်မှတ်ချက်နှင့်စည်းကမ်းများကို မလေးရှားနိုင်ငံ ၏ တည်ဆဲဥပဒေများနှင့်အညီ သတ်မှတ်ရမည်ဖြစ်ပါသည်။ ဖြစ်ပေါ်လာသော အငြင်းပွားမှုမှန်သမျှကို မလေးရှား တရားရုံးများတွင်သာ ဖြေရှင်းဆောင်ရွက်ရမည်။
၃။ ကလေးသူငယ်များ
လူကြီးမင်းသည် အသက် "၁၈" နှစ်အောက်ဖြစ်ပါက မိဘသို့မဟုတ် အုပ်ထိန်းသူတစ်ဦးဦး၏ ဆုံးဖြတ်ချက်ပါဝင်မှုဖြင့်သာ ဝက်ဘ်ဆိုက်ကို အသုံးပြုခြင်း၊ အမှာပြုလုပ်ခြင်းကို လုပ်ဆောင်ရမည် ဖြစ်ပါသည်။ အဆိုပါ အရွယ်မရောက်သေးသူများကို အရက်သေစာနှင့် ဆေးလိပ်များ ရောင်းချခြင်းအား တင်းကြပ်စွာ ကန့်သတ်ထားပါသဖြင့် အသက် "၁၈" နှစ်အောက်အရွယ်များကို အရက်သေစာနှင့် ဆေးလိပ်များ ရောင်းချခြင်း ပြုမည် မဟုတ်ပါ။ ယင်းသတ်မှတ်ချက်အရ အရက်သေစာနှင့် ဆေးလိပ်များ ရောင်းချရာတွင် အသက်အရွယ်ကို စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံမှာ
အီးမေလ်းလိပ်စာ: umart.myshop@gmail.com