ပစ္စည်းများကို ပြန်လည်အပ်နှံခြင်းနှင့် ငွေပြန်အမ်းခြင်း


၁။(၁) ပြန်လည်အပ်နှံ၍ရနိုင်သော အခြေအနေများ

(က) အပျက်အစီးများ

(ခ) ပစ္စည်း၏အရောင်၊ အရွယ်အစား စသည်ဖြင့် မှားယွင်းပေးပို့ခြင်း

(ဂ) အသုံးပြု၍မရသော ပစ္စည်းများ

(ဃ) ရက်လွန်ပစ္စည်းများ

(င) ပစ္စည်းအကြောင်းဖော်ပြချက်ပါအချက်များနှင့် မကိုက်ညီသော ပစ္စည်းများ


၁(၂) ပြလည်အပ်နှံသော ပစ္စည်းများကို အကြောင်းပြချက်ဖြင့် ပေးပို့သည့်နေ့မှ "၇" ရက်ကျော်လွန်ပြီးချိန် တွင် ပစ္စည်းပြန်လည်အပ်နှံ၍ မရပါ။

၁(၃) ပစ္စည်းကို ရှိရမည့် သင့်တင့်သော အနေအထားနှင့် ပြန်လည်အပ်နှံခြင်း မဟုတ်ပါက ယင်းသို့ ပြန်လည် အပ်နှံခြင်းကို ကျွန်ုပ်တို့က ငြင်းဆန်ခွင့်ရှိပါသည်။

၁(၄) ပြန်လည်အပ်နှံ၍ရနိုင်သည့် အကြောင်းပြချက် ခိုင်လုံပါက အမျိုးအစားတူပစ္စည်း သို့မဟုတ် တန်ဖိုးတူ credit ကို အစားထိုးပြန်ပေးသွားပါမည်။ (ပြန်အမ်းငွေမရနိုင်ပါ။)


၁(၅) အပျက်အစီး၊ အနာအဆာပါသော ပရိဘောဂများ၊ တစိတ်တပိုင်း မပါလာသော ပစ္စည်းများ၊ ဖော်ပြချက်နှင့် မကိုက်ညီသော ပစ္စည်းများကို အစားထိုးပြန်လည်ပေးအပ်ပါမည်။ ပစ္စည်းတစ်ခုလုံး သို့မဟုတ် ပြဿနာရှိသော ပစ္စည်းတစိတ်တပိုင်းကို ပြန်လည်ပေးအပ်မည်ဖြစ်ပါသည်။

မှာယူသော ပစ္စည်းများ၏ အရည်အသွေးနှင့် လတ်ဆတ်မှုကို လူကြီးမင်း စိတ်တိုင်းမကျသောအခါ ပစ္စည်းများကို ပေးပို့ချိန်တွင် ပြန်လည်အပ်နှံနိုင်သော “အမေးအမြန်းမရှိ” ပြန်လည်အပ်နှံခြင်းနှင့် ငွေပြန်အမ်းပေးခြင်းပေါ်လစီ ရှိပါသည်။

၂။ ကျွန်ုပ်တို့၏ ပေးပို့သူက လူကြီးမင်း ပြန်လည်အပ်နှံသော ပစ္စည်းကို ပြန်ယူလာပေးမည်ဖြစ်ပြီး အဆိုပါ လုပ်ဆောင်ချက်အတွက် အဖိုးအခပေးရန် မလိုအပ်ပါ။ ပို့ဆောင်သူက လူကြီးမင်း ပြန်လည်အပ်နှံသော ပစ္စည်း၏ တန်ဖိုးကို မှာယူသောပစ္စည်း တန်ဖိုးစုစုပေါင်းမှလည်း နုတ်ဖယ်ပေးမည်ဖြစ်ပါသည်။

၃။ ပစ္စည်းများကို လက်ခံပြီးသော ကိစ္စရပ်အားလုံးတွင်မူ ထိုသို့ ပြန်လည်အပ်နှံခြင်းနှင့် ငွေပြန်အမ်းခြင်းကို ကျွန်ုပ်တို့က လက်ခံတော့မည်မဟုတ်ကြောင်းကို သိစေလိုပါသည်။ တချို့သောအခြေအနေများတွင်မူ ပစ္စည်းပေးပို့ပြီးနောက်ပိုင်း "၇" ရက်အတွင်း တွင် ပြန်လည်ပေးပို့ခြင်းနှင့် လဲလှယ်ခြင်းကို လက်ခံပါမည်။ ပေးပို့ပြီး "၇" ရက်နောက်ပိုင်း တွင် ပစ္စည်းများလဲလှယ်လိုခြင်းကို လက်ခံမည်မဟုတ်ပါ။